တစ် ကိုယ် တည်း မို့ 
မောင် အား မ ငယ် ပါ ဘူး……
လေ သဲ့ လို့  တ ရှပ် ရှပ် ပြေး သွား တဲ့
ရွှက် ခြောက် က လေး က လည်း မောင် နှင့် အ တူ တူ ပါ ပဲ။
လှုပ် ခတ် တဲ့ သည် ကန် နံ ဘေး မှာ
ဖ ရို ဖ ရဲ ဖြစ် လို့ 
မောင် စိတ် မ ပျက် ပါ ဘူး……..
တ လိပ် လိပ် တက် လာ တဲ့ လှိုင်း က လေး
ကမ်း ရိုက် မိ လို့  ဖွာ ခ နဲ လွင့် သွားတာ မောင့် လို ပါ ပဲ။
မှောင် မိုက် တဲ့ သည် နွေ ည မှာ
ဝိုး တ ၀ါး မို့ 
မောင် မ တွေ ဝေ ပါ ဘူး……..
တိမ် ညို တွေ ဖုံး လို့  သာ လွန်း တဲ့ ငွေ လ
မ ၀င်း ပ နိုင် တာ လည်း မောင့် ပုံ ပ မာ ပါ ပဲ။
သို့  ပေ မယ့်
အ ဖေါ် ကွဲ တဲ့ ရွှက် ခြောက် က လေး က
အ ပင် မှာ မြဲ ခိုက် စိမ်း ရွှက် ဘ ၀ မှာ
တ လွင် လွင် မြူး လို့  ပျော် မြူး ခဲ့ ရ တယ် လေ။
အ စိတ် စိတ် ကွဲ တဲ့ လှိုင်း ခေါင်း ဖြူ လေး က
တ ရိပ် ရိပ် ပြေး လို့  ကမ်း ဆီ ကူး ခိုက်
သာ ယာ ငြိမ့် ပြီး ကြည် နူး ခဲ့ ရ တယ် လေ။
မိုး သား ဆိုင်း လို့  ရှောင် ပုန်း တဲ့ ငွေ လ က
မြူ တိမ် ကင်း ပ တဲ့ လ ပြည့် ည တွေ ဆို
ဟန် ၀ံ့ ချီ ၍ ၀င်း ပ ခဲ့ ရ တယ် လေ။
မ တူ တာ ၀ိုင်း လို့  ပေ တံ တွေ နဲ့  မ တိုင်း ခင်
မေ နှင့် အ တူ ရှိ ခိုက် တ ဒ င်္ဂ အ ခိုက် မှာ ပဲ
ရင် မှာ ကြည် နူး လို့  ယစ် မူး နေ ပါ ရ စေ။
၂၉၊ ၅၊ ၂၀၁၂။
Leave a comment